- မေး။ ဂျပန်မှာအလုပ်လုပ်ဖို့၊ Benesse Style Care မှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့ချိန်က မိသားစုနဲ့ သူငယ်ချင်းတွေက ဘယ်လို တုံ့ပြန်ခဲ့ကြပါသလဲ။
-
စီနီယာ THUY
လုံးလုံး ဆန့်ကျင်တာမျိုးမရှိဘဲ အကြီးအကျယ်ကိုသဘောတူခဲ့ကြပါတယ်။ အရမ်း အားပေးခဲ့ကြပါတယ်။
တကယ်တော့ ညီမလေးကလည်း ဗီယက်နမ်မှာ ကျောင်းပြီးရင် ဂျပန်ကို လာဖို့အစီအစဉ်ရှိပြီး တကယ်မျှော်လင့်နေပါတယ်။
- မေး။ ဂျပန်မှာအလုပ်လုပ်ရတာ၊ နေထိုင်ရတာတွေမှာ အခက်တွေ့တာ၊ ဒုက္ခရောက်ရတာ ရှိပါသလား။
-
စီနီယာ GIANG
ဘာသာစကားတင်မကဘဲ အခုအချိန်အထိ နေထိုင်ခဲ့တဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ မတူတာတွေလို အများကြီးရှိပါတယ်။ နေထိုင်ရေးဘက်မှာ အဲဒီလို မတူတာတွေက ပျော်စရာကောင်းတယ်လို့ ထင်တာမျိုးရှိပေမဲ့ အလုပ်အပိုင်းမှာ အထူးသဖြင့် နေထိုင်သူတွေက စိုးရိမ်မှု၊ စိတ်တိုင်းမကျမှုတွေ မခံစားရစေဖို့ ဘယ်လိုလုပ်သင့်သလဲ စဉ်းစားရမယ်လို့ တွေးထားပါတယ်။
စီနီယာ THUY
ဂျပန်ဘာသာစကားထဲမှာလည်း "ရှီခု ရှီခု" "ဂျင်း ဂျင်း" စတဲ့ အိုနိုမာတိုပဲ တွေကို နားလည်ဖို့ အခက်တွေ့ခဲ့ပါတယ်။ ဂျပန်ကလူတွေက အိုနိုမာတိုပဲကို အတော်လေးအသုံးပြုကြတာမို့ ယဉ်ကျေးမှုလည်း မတူဘူး၊ အသေအချာ နားမလည်တဲ့အခါမျိုး၊ နားလည်မှုလွဲတာမျိုး ရှိပါတယ်။ ဒါပေမဲ့ နေထိုင်သူတွေ၊ ပတ်ဝန်းကျင်က ဝန်ထမ်းတွေက ကျွန်မ နားလည်အောင် သင်ပေးတာကြောင့် နည်းနည်းချင်း သဘောပေါက်လာခဲ့ပါတယ်။
- မေး။ ပညာသင်ကျောင်းသားတွေကို ကုမ္ပဏီရွေးချယ်ဖို့ အခြေခံအဖြစ် "ဒါက အရေးပါတယ်" လို့ အကြံပေးချင်တာ ဘာပါလဲ။
-
စီနီယာ LI
ကံအကြောင်းပါလို့ ဂျပန်ကိုရောက်လာတာဖြစ်လို့ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်/ နေထိုင်မှုကို ရည်မှန်းချက်ထားစေချင်ပါတယ်။ ပြီးတော့ ကုမ္ပဏီရွေးချယ်တဲ့အခါ တည်ငြိမ်မှု၊ ရှေ့အလားအလာ ကောင်းမှု၊ အရွယ်အစားတွေသာမက ကုမ္ပဏီအတွင်း အနေအထားကလည်း အရေးကြီးတာမို့ သေသေချာချာ ပြောဆိုပြီး ဆုံးဖြတ်တာကောင်းမယ်လို့ ထင်ပါတယ်။ Benesse Style Care မှာ လူတွေ့စစ်မေးချိန်ကစပြီး အခုထိ နွေးထွေးပြီး ကြင်ကြင်နာနာ ဆက်ဆံမှု ရှိနေတာကြောင့် အလုပ်ဝင်ခဲ့တာ တကယ်ပဲ မှန်ကန်တယ်လို့ ထင်ပါတယ်။
- မေး။ Benesse Style Care ရဲ့ အလုပ်စာမေးပွဲ အပေါ် ဘယ်လို သဘောထားပါသလဲ။
-
စီနီယာ LI
လူတွေ့စစ်မေးမှုစတာမျိုး စိတ်လှုပ်ရှားနေခဲ့ရပေမဲ့ ကြင်ကြင်နာနာ ဆက်ဆံပေးတာမျိုး၊ နောက်ပြီး သင့်တော်မှုစစ်ဆေးခြင်းစတာတွေလည်း မိခင်ဘာသာစကားနဲ့ ခံယူနိုင်တာကြောင့် တကယ်ပဲ ကျေးဇူးတင်ရပါတယ်။
စီနီယာ THUY
ကျွန်မက Benesse Style Care ရဲ့ လူတွေ့စစ်မေးမှုကို ခံယူပြီး "ဒီကုမ္ပဏီမှာ သေချာပေါက်အလုပ်ဝင်ချင်တယ်" လို့ တွေးပြီး တခြားကုမ္ပဏီတွေမှာ ဝင်မဖြေခဲ့ပါဘူး။ အဲဒီလို ဆုံးဖြတ်မိလောက်အောင် ဂရုတစိုက်နဲ့ ဆွေးနွေးတိုင်ပင်မှုပေးခဲ့ပါတယ်။
- မေး။ အလုပ်ဝင်ပြီး ပထမဦးဆုံးနေ့၊ တာဝန်ကျတဲ့ ပထမဦးဆုံးနေ့မှာ စိတ်လှုပ်ရှားတာမျိုးမရှိခဲ့ဘူးလား။
-
စီနီယာ LI
အရမ်း စိတ်လှုပ်ရှားခဲ့ပါတယ်။ တာဝန်ကျတဲ့ ပထမဦးဆုံးနေ့မှာ နေထိုင်သူတွေ၊ ဝန်ထမ်းတွေကို နှုတ်ဆက်ရမယ်လို့ သတ်မှတ်ထားပေမဲ့ ဂေဟာမှူးနဲ့ ကုမ္ပဏီရုံးချုပ်က တစ်ဦး အတူလိုက်ပေးခဲ့ပြီး အားလုံးပဲ အရမ်းကို ကြင်ကြင်နာနာနဲ့ ကြိုဆိုပေးခဲ့ကြပါတယ်။ စိတ်လှုပ်ရှားခဲ့ရပေမဲ့ တကယ်ပဲ ဝမ်းသာစရာ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
- မေး။ "Benesse Style Care မှာ အလုပ်ဝင်ခဲ့မိတာကောင်းတယ်" လို့ တွေးမိတဲ့ အခိုက်အတံ့ဟာ ဘယ်အချိန်ပါလဲ။
-
စီနီယာ LI
အထူးကျွမ်းကျင်လုပ်သားစာမေးပွဲအတွက် စီမံချက်တွေ၊ အလုပ်မဝင်ခင်ရော အလုပ်ဝင်ပြီးရော မှန်မှန် ဆက်သွယ်ပေးခဲ့လို့ တကယ် စိတ်အေးခဲ့ရပါတယ်။ ပညာသင်ဖြစ်တာကြောင့် ပူပန်ရတာတွေရှိတယ်လို့ ထင်ပေမဲ့ Benesse Style Care က တကယ်ပဲ ဂရုတစိုက် ထောက်ပံ့ပေးခဲ့လို့ ကျေးဇူးအထူးတင်မိနေပါတယ်။
စီနီယာ THUY
ဗီဇာနဲ့ အထူးကျွမ်းကျင်လုပ်သား စာမေးပွဲတွေအတွက်သာမက ပိုပြီး အလှမ်းဝေးတဲ့ အနာဂတ်နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးပေးခဲ့လို့ ကျွန်မရဲ့ ဘဝကို အတူတူ စဉ်းစားပေးခဲ့တာအပေါ် တကယ်ပဲ ဝမ်းသာမိခဲ့ရပါတယ်။
- မေး။ Benesse Style Care ရဲ့ ကုမ္ပဏီအိမ်ခန်းက နေထိုင်ရတာ ဘယ်လိုနေပါသလဲ။
-
စီနီယာ GIANG
ကျွန်မနေတဲ့ ကုမ္ပဏီအိမ်ခန်းက ဘုံအသုံးပြုတဲ့နေရာရော အခန်းရေး ကျယ်ဝန်းသန့်ရှင်းပြီး အရမ်းနေလို့ကောင်းပါတယ်။
အိမ်တာဝန်ခံကလည်း တွေ့တိုင်းနှုတ်ဆက်သလို အမှိုက်ပစ်တဲ့ နည်းကိုလည်း သင်ပေးလို့ စိတ်ချလက်ချ နေထိုင်နိုင်ပါတယ်။စီနီယာ LI
သန့်ရှင်းတဲ့အခန်းဖြစ်ပြီး အိမ်လခကိုလည်း အတော်လေး ထောက်ပံ့ပေးလို့ အရမ်းကျေးဇူးတင်နေရပါတယ်။ အလုပ်လုပ်နေတဲ့ ဂေဟာကနေ 2 ဘူတာအကွာမှာဖြစ်ပြီး ရပ်ကွက်ထဲမှာ စူပါမားကက်တွေ နေ့စဉ်သုံးဖို့ လိုအပ်တာတွေအားလုံး ရှိတာမို့ အရမ်းကျေနပ်နေပါတယ်။
- မေး။ ပထမဦးဆုံး လခကို ဘယ်လို သုံးစွဲခဲ့ပါသလဲ။
-
စီနီယာ THUY
ပထမဦးဆုံး လခတင်မဟုတ်ပါဘူး။ ဂျပန်က အဝတ်အထည်တွေ၊ ကုန်ပစ္စည်းတွေက အရမ်းကောင်းတာကြောင့် တစ်ခါတစ်ခါ ဝယ်ပြီး မိသားစုကို လက်ဆောင်ပေးနေပါတယ်။ ကလေးတွေအတွက် အရုပ်တွေဆို တကယ်ပဲ ဝမ်းသာကြပါတယ်။
- မေး။ အားလပ်ရက်တွေ၊ ကိုယ်ပိုင်အချိန်တွေမှာ ဘယ်လိုနေထိုင်ပါသလဲ။
-
စီနီယာ THUY
"နေ့တိုင်း ဗီယက်နမ်က မိသားစုနဲ့ ဆက်သွယ်နေပါတယ်။ ဒါက လွမ်းလို့ဆိုတာမျိုးမဟုတ်ဘဲ အရေးပါတဲ့ မိသားစုမို့လို့ပါ။
အထူးသဖြင့် ထမင်းစားချိန်မှာ တောက်လျှောက် အွန်လိုင်းချိတ်ဆက်ထားပြီး ခွဲနေရပေမဲ့ အမြဲတမ်း မိသားစုနဲ့အတူ ထမင်းစားနေတယ်ဆိုတဲ့ ခံစားချက်မျိုးပါ။"
- မေး။ နောက်ဆုံးမှာ ဂျပန်မှာ အလုပ်လုပ်ဖို့၊ နေထိုင်ဖို့ ရည်မှန်းနေတဲ့ ပညာသင်ကျောင်းသားတွေအတွက် အကြံဉာဏ်လေး ပေးပါဦး။
-
စီနီယာ THUY
ဂျပန်ဘာသာကို သင်ကြားရုံတင်မကဘဲ ဂျပန့်ယဉ်ကျေးမှုကို သင်ယူတာဟာလည်း အတော်အရေးကြီးတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျွန်မအလေးထားနေတာဟာ "စည်းကမ်းကို လိုက်နာတယ်" ဆိုတဲ့ယဉ်ကျေးမှု။ အထူးအထွေ မဟုတ်ပေမဲ့ မိမိကိုယ်တိုင်အတွက် နောက်ပြီး အားပေးနေတဲ့ မိသားစု သူငယ်ချင်းတွေအတွက်လည်း ယဉ်ကျေးမှုကို လေ့လာ၊ ပြီးရင် ဂျပန်ကဘဝကို ပျော်ရွှင်ခံစားကြပါစို့။
စီနီယာ GIANG
နားမလည်တဲ့အခါ "နားမလည်ပါဘူး" လို့ သေသေချာချာ ပြောပြဖို့ အရေးကြီးပါတယ်။ ဂျပန်လူတွေအားလုံးပဲ ကြင်ကြင်နာနာနဲ့ ကောင်းကောင်း သင်ကြားပေးကြတာမို့ ကိစ္စမရှိပါဘူး။ တစ်ခုချင်း သေသေချာချာ လေ့လာသင်ယူသွားပါ။