å

Q&Aမေးလေ့ရှိတဲ့ မေးခွန်းများ

အသက်ကန့်သတ်ချက်ရှိပါသလား။
မရှိပါဘူး။ လျှောက်ထားနိုင်သည့် အရည်အချင်း ပြည့်မီသူဖြစ်ရင် လျှောက်ထားနိုင်ပါတယ်။
စိစစ်ကြည့်ပြီး လျှောက်ထားပါ။
အလုပ်ခန့်သည့်ပုံစံ စာချုပ်ဖြင့်ငှားရမ်းသည့် ဝန်ထမ်းဆိုတာ ဘာပါလဲ။
အချိန်ကာလကို သတ်မှတ်ပြီး အလုပ်ခန့်ထားတဲ့ ဝန်ထမ်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
နေထိုင်ခွင့် "အထူးကျွမ်းကျင်လုပ်သား" မှာ စနစ်အရ နေထိုင်ခွင့်ကာလ သတ်မှတ်ထားတာကြောင့် စာချုပ်ဖြင့်ငှားရမ်းထားသည့် ဝန်ထမ်းအဖြစ်နဲ့ အလုပ်ဝင်ရမှာ ဖြစ်ပါတယ်။
တာဝန်ထမ်းရမယ့်နေရာက ဘယ်နေရာ ဖြစ်မှာပါလဲ။
အလုပ်ခေါ်ယူမှု အချက်အလက်ပါ တာဝန်ထမ်းရမယ့်နေရာ/ လစာမှာ နောက်ဆုံး သတင်းအချက်အလက်တွေ တင်ထားပါတယ်။
ဂျပန်ဘာသာအရည်အချင်း ဘယ်လောက်လိုအပ်ပါသလဲ။
②ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 အထက် (သို့) ဂျပန်ဖောင်ဒေးရှင်း ဂျပန်ဘာသာ အခြေခံစာမေးပွဲ (JFT-Basic) ရထားသူ
ပြုစုစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်ဌာန မဟုတ်ပါဘူး။ လျှောက်ထားနိုင်ပါသလား။
ဟုတ်ကဲ့။ ဘာသာရပ်ဌာနအားလုံး လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားနိုင်သည့် အရည်အချင်းကို စိစစ်ကြည့်ပါ။
အလုပ်ဝင်ပြီးနောက် ပြုစုစောင့်ရှောက်ရေးအလုပ် ဝန်ထမ်းသစ် မွမ်းမံသင်တန်း တက်ရပါမယ်။
ရှင်းလင်းပွဲ အချိန်ဇယား သိပါရစေ။
နောက်ဆုံးကျင်းပမယ့် ရှင်းလင်းပွဲ အချိန်ဇယားက ဒီနေရာမှာပါ
နေထိုင်ခွင့် "အထူးကျွမ်းကျင်လုပ်သား" ကို ပြောင်းလဲဖို့ လိုအပ်တဲ့ စာမေးပွဲရှိပါသလား။
ရှိပါတယ်။ ပြည်တွင်းမှာ ကျင်းပတဲ့ ပြုစုစောင့်ရှောက်ရေး အရည်အချင်းစစ်စာမေးပွဲနဲ့ ပြုစုစောင့်ရှောက်ရေး စာမေးပွဲ နှစ်ခုစလုံးမှာ အောင်မှတ်ရထားဖို့ လိုအပ်ပါတယ်။
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) N4 အထက် ရမထားသေးသူတွေအနေနဲ့ အထက်ပါတွေအပြင် အဲဒီ JLPT စာမေးပွဲဖြေဆိုအောင်မြင်ဖို့ လိုပါတယ်။
အထူးကျွမ်းကျင်လုပ်သား အရည်အချင်းစစ်စာမေးပွဲ အောင်ပါ့မလားလို့ စိတ်ပူနေပါတယ်။ ထောက်ပံ့မှု တစ်စုံတစ်ရာ ရှိပါသလား။
ရှိပါတယ်။ Benesse ရဲ့ မူပိုင် စာမေးပွဲဆိုင်ရာ ပို့ချမှုကို အလွတ်သဘော ကမ်းလှမ်းမှု ခံရသူတွေအတွက် လမ်းညွှန်နေပါတယ်။
သင်ရိုးညွှန်းတမ်းနဲ့ မေးခွန်းပေါင်းချုပ်ကို အသုံးပြုပြီး နားလည်ရလွယ်အောင် ရှင်းလင်းသင်ကြားပေးပါမယ်။
※ဒါပေမဲ့ အောင်မြင်ရမယ်လို့ အာမခံတာမျိုး မဟုတ်ဘူးဆိုတာ ကြိုတင်သိထားစေချင်ပါတယ်။
ကုမ္ပဏီ အိမ်ရာကို အသုံးပြုချင်ပါတယ်။ သတ်မှတ်ချက် ရှိပါသလား။
နေထိုင်ခွင့် "အထူးကျွမ်းကျင်လုပ်သား" နဲ့ အလုပ်ဝင်တဲ့သူဖြစ်ရင် တခြားသတ်မှတ်ချက် မရှိပါဘူး။
ဂျပန်မှာ အချိန်ကြာကြာ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ချင်နေတာကြောင့် ဘယ်လိုနည်းလမ်း ရှိပါသလဲ။
အစိုးရ အသိအမှတ်ပြု "ပြုစုစောင့်ရှောက်ရေး လူမှုဖူလုံရေးပညာရှင်" လိုင်စင်ရမယ်ဆိုရင် နေထိုင်ခွင့်ကို "ပြုစုစောင့်ရှောက်ရေး" အဖြစ် ပြောင်းလဲနိုင်ပါတယ်။ နေထိုင်ခွင့်အနေအထားနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးဆိုရင် နေထိုင်ခွင့်ကာလကို သက်တမ်းတိုးနိုင်ပြီး အကြိမ်ရေ အကန့်အသတ်မရှိပါဘူး။ မှီခိုသူနဲ့ ရင်သွေးတွေဟာ နေထိုင်ခွင့် "မိသားစုနေထိုင်မှု" နဲ့ နေထိုင်နိုင်ပါတယ်။