- HOME
- သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသူနာပြုအလုပ်နှင့်နေ့စဉ်လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများ

သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသူနာပြုအလုပ်နှင့်နေ့စဉ်လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများ
ဘယ်လို အလုပ်မျိုး လုပ်ရမှာလဲ ပြုစုစောင့်ရှောက်ရေးအလုပ်
Benesse Style Care က ဖွင့်လှစ်လုပ်ကိုင်နေတဲ့ သက်ကြီးရွယ်အိုဂေဟာမှာ ပြုစုစောင့်ရှောက်မှုလိုအပ်နေတဲ့ အသက်ကြီးသူတွေရဲ့ စားဝတ်နေရေး အစစအရာရာ ထောက်ပံ့ပေးတဲ့အလုပ် ဖြစ်ပါတယ်။
တစ်ဦးချင်းရဲ့လူနေမှုဘဝမှာ ထဲထဲဝင်ဝင် ဖေးမကူညီပြီး ပိုပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဖော်ဆောင်ပေးတဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ အလုပ်ဖြစ်ပါတယ်။
-



"အဲဒီသူပီသတဲ့ လူနေမှုပုံစံကို အတူတူ ဖော်ဆောင်ပေးတဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ အလုပ်ဖြစ်တယ်"
-



မြင့်မားတဲ့ အထူးကျွမ်းကျင်မှုနဲ့ တိကျတဲ့ နည်းလမ်းတွေနဲ့ ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်မယ်
-



အလုပ်တာဝန်အမျိုးမျိုးနဲ့ချိတ်ဆက်ထားတဲ့ အုပ်စုလိုက် စောင့်ရှောက်မှုနဲ့ တစ်ဦးချင်းရဲ့ လူနေမှုကို ထောက်ပံ့မယ်
အလုပ်အကြောင်းအရာ အသေးစိတ်
နေ့စဉ် နေထိုင်ရာမှာ ပြုစုစောင့်ရှောက်မှုနဲ့ လူနေမှုအထောက်အပံ့ လိုအပ်နေတဲ့ နေထိုင်သူ တစ်ဦးချင်းနဲ့ ကိုက်ညီတဲ့ စောင့်ရှောက်မှုနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်တဲ့ အလုပ်ဖြစ်ပါတယ်။
※အလုပ် အကြောင်းအရာတွေဟာ ဥပမာ တချို့သာ ဖြစ်ပါတယ်
တစ်နေ့တာ လုပ်ငန်းစီးဆင်းပုံ
ပြုစုစောင့်ရှောက်ရေးအလုပ်ရဲ့ တစ်နေ့တာကို ဓာတ်ပုံတွေနဲ့ ကြည့်ရှုပါ။
-

6:45 / အလုပ်သွားခြင်း (အစောပိုင်းအဆိုင်း)
အလုပ်ရောက်ပြီးနောက်၊ ယူနီဖောင်းလဲဝတ်ပြီး သေသေသပ်သပ်ဖြစ်အောင်ပြင်ဆင်၊ အဲဒီနေ့တာဝန်ကျတဲ့ အထပ်ကို သွားပါတယ်။
-

7:30 / မနက်စာအတွက် ပြင်ဆင်ခြင်း
တစ်ဦးချင်းအတွက် ကိုက်ညီအောင်ပြင်ဆင်ထားတဲ့ အစားအသောက်ကို မမှားယွင်းအောင် သတိထားပြီး ဝေပါတယ်။
-

9:00 / ရေချိုးဖို့ အသင့်ပြင်ခြင်း
မနက်ပိုင်းမှာ ရေချိုးတဲ့သူတွေရဲ့ အဝတ်အစားကို အသင့်ပြင်တာ၊ မချမ်းစေဖို့ ရေချိုးခန်းကို ကြိုတင်အနွေးပေးထားတာ လုပ်ပါတယ်။
-

11:00 / အဝတ်လျှော်ခြင်း
ရေချိုးပြီးတဲ့အခါ အဝတ်အစားနဲ့ မျက်နှာသုတ်ပုဝါ စတာတွေကို လျှော်ဖွတ်ပြီးမှ နေထိုင်သူရဲ့ အခန်းထဲ ပို့ပေးပါတယ်။
-

13:00 / နေ့လယ်စာ
ဝန်ထမ်းအခန်းမှာ ဂျပန်ဝန်ထမ်းတွေနဲ့အတူ ရယ်မောရင်း နေ့လယ်စာ စားပါတယ်။
-

14:00 / နေထိုင်သူနဲ့ ပြောဆိုဆက်ဆံခြင်း
နည်းနည်းအားနေတယ်ဆိုရင် နေထိုင်သူရဲ့ အခန်းကို သွားပြီး နေထိုင်ကောင်းမကောင်း စနည်းနာတာ၊ ပျော်စရာ ပြောဆိုဆက်ဆံတာတွေ လုပ်ပါတယ်။
-

15:00 / ခေါ်ဆောင်ခြင်း
မုန့်နဲ့ ရေနွေးကြမ်းတွေ အသင့်ပြင်ပြီးပြီမို့ အသိပေးပြီး ထမင်းစားခန်းထဲ ခေါ်ဆောင်လာပါတယ်။
-

15:45 / သတင်းလက်ဆင့်ကမ်းခြင်း/မှတ်တမ်းတင်ခြင်း
နေ့အချိန် နေထိုင်သူရဲ့ အနေအထားကို system မျက်နှာပြင်ကို ကြည့်ရင်း ညဆိုင်းသမားဆီ သတင်းလက်ဆင့်ကမ်းပါတယ်။
အလုပ်လုပ်တဲ့ပတ်ဝန်းကျင်အနေအထား
ကျွန်တော်တို့ စီမံဖွင့်လှစ်ထားတဲ့ သက်ကြီးရွယ်အိုဂေဟာကို မိတ်ဆက်ပေးပါမယ်။
ကလစ်လုပ်ရင် ပုံပြောင်းလဲသွားပါမယ်။





